Copyright © 2026 FreshMoe. All rights reserved.
လယ်ယာထွက် သီးနှံများမှသည် ရာသီအလိုက် သစ်သီးဝလံများအထိ အမျိုးမျိုးသောရွေးချယ်မှုဖြင့် ပို့ဆောင်ရေးပါမကျန် အပြည့်အဝ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ စိုက်ပျိုးထုတ်လုပ်သူမှသည် နောက်ဆုံးစားသုံး သူအထိ ကွင်းဆက်တစ်ခုလုံးကို ခေတ်မီနည်းပညာများဖြင့် ချိတ်ဆက်ပေးထားသည့် စီးပွားရေးဂေဟစနစ်တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် “လတ်ဆတ်မှု” ကို အခြေခံ၍ မိတ်ဖက်လုပ်ငန်းရှင်များနှင့် စားသုံး သူများအကြား ယုံကြည်စိတ်ချရသော တံတားတစ်စင်းအဖြစ် ရပ်တည်လျက်ရှိပါသည်။ FreshMoe ၏ ကွဲပြားစုံလင်သော ဝန်ဆောင်မှုကဏ္ဍများကို အသေးစိတ် တည်ဆောက်ထားပါသည်။ သင့်တင့်သော ဈေးနှုန်းများဖြင့် မြို့နယ်အသီးသီးရှိ လက်လီဆိုင်များတွင်လည်းကောင်း ၊ အွန်လိုင်းဝယ်ယူမှုမှလည်းကောင်း ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူရရှိနိုင်ပါပြီ။

FreshMoe တွင် “အရည်အသွေး” ဆိုသည်မှာ ကျွန်ုပ်တို့၏ ထုတ်ကုန်များ လတ်ဆတ်နေရုံသာမက စားသုံးသူ များအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်မှုကိုပါ ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စိုက်ပျိုးထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူသည့် အဆင့်မှစတင်၍ ဆိုင်ခွဲများသို့ ရောက်ရှိသည်အထိ အဆင့်တိုင်း တွင် အရည်အသွေးစစ်ဆေးမှု (Quality Control) များကို ပြုလုပ်ပါသည်။ သစ်သီးဝလံတစ်ခုချင်းစီ၏ အရွယ်အစား၊ ရင့်မှည့်မှု အခြေအနေနှင့် အနာအဆာကင်းစင်မှုတို့ကို ကျွမ်းကျင်ပညာရှင်များက စနစ်တကျ ရွေးချယ်စစ်ဆေးသော ကြောင့် လူကြီးမင်းတို့အနေဖြင့် အကောင်းဆုံးသော ထုတ်ကုန်များကိုသာ ရရှိမည် ဖြစ်ပါသည်။

သစ်သီးဝလံများသည် သဘာဝအတိုင်း နုနယ်သောကြောင့် ထုပ်ပိုးမှုစနစ်သည် အလွန်အရေးကြီးပါသည်။ FreshMoe တွင် သန့်ရှင်းလတ်ဆတ်မှုကို အဓိကထားသော Packaging စနစ်ကို ကျင့်သုံးပါသည်။ ကျွန်ုပ်တို့၏ ထုပ်ပိုးမှုများသည် ပြင်ပမှ ဖုန်မှုန့်နှင့် ပိုးမွှားများ မဝင်ရောက်နိုင်ရန် ကာကွယ်ပေးရုံသာမက၊ အသီးအနှံများ၏ လတ်ဆတ်မှု (Freshness) ကို ရေရှည်ထိန်းထားနိုင်မည့် နည်းပညာများဖြင့် ဖန်တီးထားပါသည်။ ထုပ်ပိုးမှုပုံစံများသည် အမြင်အားဖြင့် လှပသပ်ရပ်နေရုံသာမက သယ်ယူပို့ဆောင်ရာတွင်လည်း အသီးအနှံများ ပွန်းပဲ့ပျက်စီးမှုမရှိစေရန် အထူးဒီဇိုင်းထုတ်ထားပါသည်။ စားသုံးသူများအနေဖြင့် FreshMoe တံဆိပ်ကို မြင်တွေ့ရသည်နှင့် ၎င်းအတွင်းရှိ အသီးအနှံများသည် သန့်ရှင်းမှုအပြည့်အဝရှိကြောင်း ယုံကြည်စိတ်ချနိုင်ရန် ကျွန်ုပ်တို့အစဥ်တစ်စိုက် ကြိုးပမ်းနေပါသည

သစ်သီးဝလံလုပ်ငန်းတွင် “အချိန်” သည် အရာအားလုံးဖြစ်ပါသည်။ FreshMoe သည် လတ်ဆတ်မှုကို မပျက်ပြယ်စေရန်အတွက် အမြန်ဆုံးနှင့် အထိရောက်ဆုံးသော ပို့ဆောင်ရေးစနစ် (Logistics Network) ကို တည်ဆောက်ထားပါသည်။ ကျွန်ုပ်တို့၏ Seamless Flow စနစ်သည် စိုက်ပျိုးရေးခြံများမှ ထွက်ရှိလာသော စိုက်ပျိုးရေးထွက်ကုန်များကို ကြန့်ကြာမှုမရှိဘဲ ဆိုင်ခွဲများသို့လည်းကောင်း၊ B2B Customer များ၏ လက်ဝယ်သို့ လည်းကောင်း အချိန်တိုအတွင်း ရောက်ရှိစေရန် စီမံထားပါသည်။ FrehMoe ၏ အမြန်ပို့ဆောင်ရေး ဝန်ဆောင်မှု နောက်ကွယ်တွင် ခေတ်မီနည်းပညာများ ရှိပါသည်။ သင့်တင့်သော အပူချိန်ထိန်းညှိမှုနှင့် စနစ်တကျ ထုပ်ပိုးမှု တို့ကြောင့် အသီးများပျက်စီးမှုကို အနည်းဆုံးအထိ လျှော့ချနိုင်ပါသည်။
FreshMoe ၏ Ecosystem သည် သင့်ကို ခေတ်မီစီးပွားရေးကမ္ဘာဆီသို့ ခေါ်ဆောင်သွားမှာပါ။ FreshMoe App နဲ့ဆိုရင် သင်ဘယ်နေရာမှာပဲရှိနေနေ၊ ဘာပဲလုပ်နေနေ သင့်လုပ်ငန်းလည်ပတ်နေပုံကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ပါပြီ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ အသိပေးချက် (Notification)၊ အရောင်းစာရင်းတွေနဲ့အတူ စမတ်ကျကျ ထိန်းချုပ်နိုင်မှု၊ သစ်သီးဝလံများကို အမျိုးအမည်စုံလင်စွာ တစ်နေရာတည်းမှာ ရွေးချယ်နိုင်မှု၊ အော်ဒါတင်ပြီး အချိန်တိုအတွင်း အိမ်အရောက် ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုတွေကြောင့် စီးပွားရေးကို နည်းပညာနဲ့ အဆင့်မြှင့်တင်ပြီး အောင်မြင်မှုကို အတူတူဖော်ဆောင်ဖို့ FreshMoe App ကို အခုပဲ ဒေါင်းလုဒ်ရယူကြပါစို့။




သဘာဝထွက်ကုန်များကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဝယ်ယူရရှိနိုင်သည့် “Freshness Hub” တစ်ခု။ သဘာဝလတ်ဆတ်မှုကို မြို့ပြလူနေမှုဘဝတွင်းသို့ တိုက်ရိုက်သယ်ဆောင်လာပြီး မိသားစုတိုင်း ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်မှုပုံစံကို ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ မြန်မာ့မြေမှ သစ်သီးဝလံ များနှင့် နိုင်ငံတကာမှတင်သွင်းသော အရည်အသွေးမြင့် သစ်သီးဝလံများကိုပါ စုံလင်စွာ ရရှိနိုင်ပါသည်။ ဖော်ရွေပျူဌာ သော ဝန်ဆောင်မှုက ဆိုင်သို့လာရောက်ဝယ်ယူတိုင်း စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေမည်ဖြစ်သောကြောင့် FreshMoe Shop သို့ ယနေ့ပဲ လှမ်းလာခဲ့ပြီး သဘာဝရဲ့ လတ်ဆတ်မှုကို ကိုယ်တိုင်ခံစားလိုက်ပါ။