Copyright © 2026 FreshMoe. All rights reserved.
FreshMoe သည် မြန်မာနိုင်ငံ၏ လတ်ဆတ်သော သစ်သီးဝလံနှင့် စိုက်ပျိုးရေးအခြေခံ စီးပွားရေးကဏ္ဍတွင် ထူးခြားဆန်းသစ်သော လမ်းပြမြေပုံတစ်ခုဖြင့် ချီတက်နေသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အောင်မြင်မှုမှတ်တိုင်တိုင်းသည် အခြေခံတန်ဖိုးများကို တိကျစွာ လိုက်နာ ကျင့်သုံးခြင်းအပေါ်တွင် အခြေခံထားပါသည်။ ဤတန်ဖိုးများသည် ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ မိတ်ဖက် လုပ်ငန်းရှင်များနှင့် စားသုံးသူများအကြား ခိုင်မာသောယုံကြည်မှုကို တည်ဆောက်ပေးသည့် မဏ္ဍိုင် များပင်ဖြစ်ပါသည်။ စွန့်ဦးတီထွင်မှု, ဆန်းသစ်မှုနှင့် ရေရှည်တည်တံ့မှုတို့ကို အခြေခံ၍ လည်ပတ်နေပြီး တောင်သူများ၏ ဘဝကိုမျှတသော လက်တွဲမှုဖြင့် မြှင့်တင်ပေးရန်နှင့် စားသုံးသူများထံ ကမ္ဘာ့အဆင့်မီ လတ်ဆတ်မှုကို စိုက်ခင်းမှ ထမင်းဝိုင်းအထိ လူတိုင်းအတွက် ပေးစွမ်းရန် ယုံကြည် ပါသည်

စိုက်ပျိုးရေးနှင့် အရောင်းအဝယ်ပုံစံများတွင် ခေတ်မီနည်းပညာများနှင့် ပေါင်းစပ်ကာ ပိုမိုစမတ်ကျသော စီးပွားရေးပုံစံကို ဖန်တီးထားပါသည်။ ကျွန်ုပ်တို့သည် အပြောင်းအလဲကို ကြောက်ရွံ့ခြင်းမရှိဘဲ ခေတ်နှင့်အညီ တိုးတက်နေသော ဒီဂျစ်တယ်စနစ်များကို အမြဲမပြတ် လေ့လာသင်ယူကာ အသုံးချပါသည်။ လုပ်ငန်းလည်ပတ်မှု အဆင့်ဆင့်တွင် နည်းပညာကို အခြေခံခြင်းဖြင့် အမှားအယွင်းများကို လျှော့ချကာ တိကျမြန်ဆန်သော ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ပါသည်။
မြန်မာ့သစ်သီးဝလံနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို နိုင်ငံတကာအဆင့်မီ နည်းပညာများဖြင့် ပေါင်းစပ်ကာ ဒေသတွင်း အယုံကြည်ရဆုံး နှင့် အအောင်မြင်ဆုံး Brand တစ်ခုဖြစ်လာစေရန်။ စားသုံးသူများအတွက် ကျန်းမာရေးနှင့် ညီညွှတ်သော လတ်ဆတ်သည့် ထုတ်ကုန်များကို ပေးစွမ်းရန်နှင့် မိတ်ဖက်လုပ်ငန်းရှင်များအတွက် ရေရှည်တည်တံ့သော စီးပွားရေးအမွေ (Legacy Business) တစ်ခုကို အတူတကွ တည်ဆောက်ရန်။